-->

Friday, December 25, 2009

သီရီလင်္ကာရောက်ကရင်ရဟန်းတော်များ ကရင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ် လှူဒါန်း



ကရင်သက္ကရဇ် (၂၇၄၉)ခု၊ (၂၃-၁၂-၂၀၀၉)နေ့ သီရီလင်္ကာရောက
်ကရင်ရဟန်းတော်များကကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်
သီရီလင်္ကာနိုင်ငံ၊ကိုလန်ဘိုမြို့တော်၊ မကုဋာရာမကျောင်းတိုင်တွင်
မြန်မာနိုင်ငံမှ ပညာတော်သင်သံဃာများကို ဆွမ်းဆက်ကပ်လှူဒါန်းကြပါ
သည်။

ကတယ်တော့ (၁၆-၁၂-၂၀၀၉)။ (၁၃၇၁)ခု ပြာသိုလ္ဆန်း (၁)ရက်နေ့က
တည်းက ကရင်နှစ်သစ်ကူးနေ့အဖြစ် ကျင်းပခဲ့ကြသော်လည်း ထိုရက်
အတွင်း သီရီလင်္ကာနိုင်ငံတွင် စာမေးပွဲကျင်းပတဲ့ရက်နဲ့တိုက်ဆိုင်နေ
သောကြောင့် ကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်မကျင်းဖြစ်ခဲ့ပေ။
စာမေးပွဲပြီးဆုံးလို့ (၂၃-၁၂-၂၀၀၉)ရက်နေ့မှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဘာသာ၊စကားပင်ကွဲပြားနေလင့်ကစား ကရင်နှစ်သစ်ကူးရောက်လေတိုင်း နေရာအနှံ့အပြားမှာနေထိုင်ခဲ့ကြတဲ့ကရင်တိုင်းရင်းသားညီကို၊
မောင်နှမများ မိမိရဲ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်လာခဲ့ကြ
သည်မှာ ယနေ့ဆိုလျှင် (၇၀)ကြိမ်မြောက်ပင်တိုင်ခဲ့ပြီးဖြစ်ပါတယ်။
ယခုလိုပင် ကျင်းပလာခဲ့သလို နောင်လဲအစဉ်အမြဲ ကရင်နှစ်သစ်ကူး
ပွဲတော်ကို ကျင်းပမှာအမှန်ပင်ဖြစ်ပါသည်။အမြဲရှင်သန်နေဆဲ အမြဲစီးဆင်းနေမယ့်”ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကိုပုံမထားကာ” ဒို့ရဲ့
ကရင် ညီကို၊ မောင်နှမများလည်း ခံယူချက်၊ ခံစားချက်များစိတ်နှလုံးမှာ
သိုမှီးကာဖြင့် မိမိရဲ့အမြဲရှင်သန်နေဆဲ အမြဲစီးဆင်းနေမယ့်
”ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကိုပုံမထားကာ” ဒို့ရဲ့ကရင် ညီကို၊
မောင်နှမများလည်း ခံယူချက်၊ခံစားချက်များစိတ်နှလုံးမှာသိုမှီးကာဖြင့်
မိမိရဲ့အမျိုးသားကို အမှန်ချစ်တတ်သောစိတ်ဓာတ်၊ ခွဲခြားသိမြင်စေနိုင
်သောကာယဉာဏစွမ်းပကားဖြင့် နိမ့်ကျသောနေသောအမျိုးသားရေးရာ
ကိစ္စများကို သာစေ၊နာစေမခွဲခြားပဲ မြင့်မားလာအောင် ကိုယ့်စီကိုယ်ငှရွက
်ဆောင်နိုင်ကြပါစေ.....ဆိုတဲ့ နှစ်သစ်ဆန္ဒတွေနဲ့အတူသီရိလင်္ကာရောက်
ကရင်ရဟန်းတော်များက ကမ္ဘာနှံ့အပြေားမှာရှိကြတဲ့ ကရင်ညီကို၊မောင်နှမ
များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာပြီး ဘေးရန်ခပ်သိမ်း၊ စိုးရိမ်ခပ်သိမ်း၊ကြောင့်ကြခပ်သိမ်းကင်းဝေရပါစေ..ဆုမွန်များဖြင့်
..ကရင်နှစ်သစ်မင်္ဂလာကို အမြဲရှင်နေမည်၊ အမြဲစီးဆင်းနေအုံးမည်
သာဖြစ်ပါသည်။

ဆက်ဖတ်ရန်....

Wednesday, December 9, 2009

မောင်စေတနာ





မိတ်ဆွေတစ်ယောက်ရဲ့ ကွန်ပျူတာမှာ Local Disk (D:) ကို Double Click လုပ်ပြီး ဖွင့်တာ Search Box ကျလာတယ်။ D: က ပွင့်မလာဘူး။ ဒါနဲ့ မိမိသိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ်။ မရဘူး။ တော်တော်ဆိုးတယ်။ စိတ်က တိုလာတယ်။

ဒါနဲ့ အင်တာနက်ပဲ အားကိုးရတာပေါ့။ Google မှာ ရိုက်ရှာတယ်။ ပေါ်လာပါတယ်။ English လိုရေးထားတဲ့ ဆိုက်တွေ။ များပါ့။ သူတို့ ညွှန်းတဲ့ နည်းလမ်းတွေက မိမိသိတဲ့ နည်းလမ်းတွေ များနေတယ်။ စိတ်ကလဲ ပိုတိုလာတယ်။ မရမချင်း လုပ်မယ်ဆိုပြီ လုပ်လိုက်တာ ရသွားတယ်။ ဟီး။

အကယ်၍ မိတ်ဆွေတို့လဲ ယခုဖြစ်စဉ်မျိုး ဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်းသာ လုပ်ပေတော့။

၁) Start ကနေ Run ကို ရိုက်ဖွင့်ပါ။
၂) Run Box ထဲမှာ regsvr32 /i shell32 ကို ရိုက်ထည့်ပြီး Enter ခေါက်။
၃) OK box တစ်ခု တက်လာလိမ့်မယ်။ Ok လုပ်လိုက်။
၎) ပြီးရင် Restart ချလိုက်။ အိုကေသွားမယ်။
ဟီး။ လွယ်တယ်မဟုတ်လား။ စမ်းကြည့်လေ။ အဆင်ပြေပါစေ။

မောင်စေတနာ
Category: computer

ဆက်ဖတ်ရန်....

Wednesday, December 2, 2009

ကရင်ရာဇ၀င်နှင့် ဦးပညာ(ကောက်နှုတ်ချက်)

သူ့အမြင်သူ့အကြောင်း

မြန်မာ့သမိုင်းအပေါ်တွင် ရှုမြင်ကြရာ၌ ပညာရှင်များအတွင်းဝယ် အမြင်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမျိုးသားပညာရှင်အမြင်ဖြစ်၍ တစ်မျိုးမှာ နိုင်ငံခြားပညာရှင်အမြင်ဖြစ်ပါသည်။ အမျိုးသားသမိုင်းအမြင်ဘက်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှ အစပြု၍ ဆရာကြီးများဖြစ်ကြသော ဦးဘိုးလှ၊ ဦးသာမြတ်၊ သူရိယဦးသိန်းမောင်၊ ပါမောက္ခဦးအေးမောင်(တက္ကသိုလ်မောင်သန့်စင်)၊
ဒဂုန်ဦးလှဖေနှင့် ဦးသိန်းဖေမြင့်တို့ ပါဝင်ကြသည်။နိုင်ငံခြား သမိုင်းအမြင်တွင် ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်းဌာနမှ ပါမောက္ခ မစ္စတာ လုစ်(ဆရာကြိး လုစ်)နှင့် တပည့်များ ပါဝင်သည်။

ယင်းအမျိုးသားသမိုင်းအမြင်နှင့် နိုင်ငံခြားသမိုင်းအမြင်၌ အဓိက ကွဲလွှဲသည့်အချက်မှာ `မြန်မာအစ တကောင်းက`နှင့်` မြန်မာအစ ကျောက်ဆည်က` အယူအငင် အမြင်ခြားနားမှုပင် ဖြစ်ပါသည်။
ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို ရေးသားရာတွင် အထက်ဖော်ပြပါ အမျိုးသားသမိုင်းအမြင်ပေါ်တွင် ခြေစိုက်၍ ရေးသားထားသည်။သို့ဖြစ်၍ ကရင်ရာဇ၀င် ဦးပညာသည် `မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာဝင်` နှင့်လည်း ဆက်စပ်နေပြန်သည်။

ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် သထုံဇာတိသား ကရင်လူမျိုးတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် ပိုးကရင် လူမျိုးဖြစ်သည်။ ဦးပညာသည် သူ၏ ကရင်ရာဇ၀င်စာအုပ်၌ ပိုးကရင်ကို (တလိုင်းကရင်-မွန်ကရင်)ဟူ၍၄င်း၊ စကောကရင်ကို (ဗမာကရင်)ဟူ၍၄င်း၊ ကွေကရင်နှင့် ရှမ်းကရင်ကို( ကြက်ဖိုးကြီး) ရာဇ၀င်နှင့် ဆက်စပ်နေသောကြောင့် ကရင်နီ(ကယား)ကို ဆိုလိုဟန်ရှိပေသည်။

ကရင်ရာဇ၀င်ရေးသားသူ ဦးပညာသည် မူလက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ရဟန်းဘ၀တွင် ကရင်ရာဇ၀င်ကို လေ့လာလိုက်စားခဲ့သည်။ လူဝတ်ကြောင်ဘ၀၌

ယင်း ကရင်ရာဇ၀င်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ဦးပညာသည် ကရင်ရာဇ၀င်ဆရာကြီး ဖြစ်လာလေသည်။

ကရင်ရာဇ၀င်အစ

ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်ကို ရေးသားပြုစုရာတွင် အမျိုးသားသမိုင်းပညာရှင်များ အကိုးအကားပြုသည့်အတိုင်း `ရှမ်းမျိုး၊ တိံသာ၊ မြန်မာသတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်။ ခြောက်ဆယ်ကုလား၊ ရာ့တစ်ပါး´ဟု လူမျိုးတစ်ရာ့တစ်ပါးကို၎င်း၊ `သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ`ဟု မှန်နန်းရာဇ၀င်ကြီးကို ကိုးကား၍ ရေးသားပြုစုခဲ့သည်။`ကရင်သဒ္ဒါ ဖြစ်ပေါ်လာပုံ၊ ကရင်မျိုးနွယ်စုများအကြောင်း၊ ကရင်လူမျိုးများ၏ ဒေသနှင့် ၀ံသ` စသည်တို့ကို `ဇာတ်ပန္နက်` ရိုက်နှက်ပြထားပေသည်။ထို့ပြင် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ယင်းရာဇ၀င်စာအုပ်ကို မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်၍ ရှာဖွေဖော်ထုတ်ခဲ့ရပုံများကိုပါ သူ၏ ကရင်ရာဇ၀င်နိဂုံးပိုင်းတွင် စိတ်ဝင်စားဖွယ် ရိုးသားစွာပင် ရေးသားထားလေသည်။

မြန်မာသက္ကရာဇ်(၁၂၇၀)ပြည့်နှစ် နတ်တော်လအတွင်း မော်လမြိုင်(ကျိုက္ခမီ ဒီစကြိတ်) ကော့ကရိတ်မြို့သို့ ကျွန်ုပ်တို့ ရောက်ခဲ့တဲ့အခါ ငယ်စဉ်က မိတ်ဆွေဟောင်းများ ဖြစ်ဖူးသော ၄င်းကော့ကရိတ်မြို့ အရှေ့တောင်(၃) မိုင်ခန့်ဝေးသော အရဒ်မြို့ဟောင်းရွာကျောင်း၌ နေသော ရဟန်းသိက္ခာ(၂၅) ၀ါရ ဦးနန္ဒမာလာ အမည်ရှိသော ကျောင်းထိုင်ဘုန်းတော်ကြီးက ဖိတ်ခေါ်သဖြင့် အပေါင်းအဖော်တို့နှင့်တကွ မြို့ဟောင်းရွာကျောင်းသို့ ရောက်ကြလေသည်။ဘုန်းတော်ကြီးသည် ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်တွင် ရှမ်းလူမျိုးအမိတို့မှ မွေးဖွါး၍ ကြည့်မြင်တိုင်စမ်းချေင်းအရပ်၌ ကြီးပြင်းလျက် အရွယ်သို့ရောက်သောအခါ `ဒွါရ၀ါဒီဂိုဏ်း` တွင်

သာမဏေပြု၍ စာပေပရိယတ်ကို သင်ကြားခြင်း၊ အသက်ပြည့်သောအခါ ရဟန်းပြု၍ မန္တလေးသို့ တက်ရောက်လျက် ဘုရားဟော ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ပြီးနောက် အောက်ပြည်သို့ ပြန်ကြွခဲ့သည်။ ဇာတိဖြစ်သော ရှမ်းဒါယကာများ ပင့်ဖိတ်သဖြင့် ၄င်းမြို့ဟောင်းသို့ရောက်ရှိ၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးလေသည်။

ထိုမြို့ဟောင်းရွာကျောင်း၌ ကျွန်ုပ်တို့ရောက်ကြ၍ နောက်နေ့၌ပင်လျှင် ဒေါနတောင်တန်းကြီးနှင့် ဆက်စပ်လျက်ရှိသော တောင်ငယ်တစ်ခုပေါ်သို့ အလိုရှိသော ပစ္စည်းဝတ္ထများကို ရှာဖွေရန်၊ ဒေသန္တရဗဟုသုတဖြစ်စေရန် တက်ကြလေရာ တောင်ပေါ်သို့ရောက်သောအခါ မြို့ရိုးကျူံးဟောင်းများနှင့်ပြည့်စုံသော မြို့ဟောင်း၊မြို့ပျက်ကြီးတစ်ခုကို တွေ့မြင်ရ၍ ထိုမြို့ဟောင်း၏ အကြောင်းအရာတို့ကို မေးမြန်းသောအခါ ထိုရွာမှ လိုက်ပို့ကြသူများကနှင့် ကျောင်းထိုင်ဘုန်းတောကြီးတို့က ပြောပြသည်မှာ ဤမြို့ဟောင်းကြီးကြောင့် ဤရွာကိုလည်း ´မြို့ဟောင်းရွာ`ဟု မြန်မာလိုခေါ်ကြောင်း၊

ရှေးအခါက ကရင်လူမျိုးနန်းစံနေထိုင်ဖူးသော ကရင်မင်း၏အကြောင်းအရာ ရာဇ၀င်များ အထောက်အထားရှိပါသလားဟု မေးမြန်းသောအခါ ကျောင်းဒါယကာကြီး `ဦးဣန္ဒ` ၏ အထံ၌ ပအူ(ပအို့) တောင်သူဘာသာဖြင့် ဤမြို့ဟောင်း၏ ရာဇ၀င်ရှိကြောင်းကို ပြောပြသဖြင့် တောင်ပေါ်မြို့ဟောင်းမှ ဆင်းကြ၍ကျောင်းဒါယကာကြီး ဦးဣန္ဒထံ သို့ သွားရောက်မေးမြန်းလေရာ ရှမ်းပြည် `မိုင်းခိုင်း` မြို့မှလုပ်သော စက္ကူအဖြူပေါ်တွင် မှင်နက်ဖြင့် ပအူ(ပအို့)တောင်သူဘာသာ အက္ခရာစာဖြင့် ရေးသားထားသော အလျားအရှည်ပေ တစ်တောင်ခန့်၊ အနံ(၁၄) လက်မခန့်၊ စာရွက်ရေ (၁၉)ရွက်ကို ဖျင်ထည်ဖြင့် မျက်နှာဖုံးပြုလျက် လိပ်ထားသောကရင်ရာဇ၀င်ကို ပြသလေသည်။

၎င်းကရင်ရာဇ၀င်သည် နှစ်(၂၀)ခန့် အသုံးမပြုဘဲ ရှိခဲ့ရာ (၁၂၈၈)ခုနှစ်လောက်မှ ကရင်လူမျိုးတို့သည် နိုးကြားထကြွ ရှိလာသဖြင့် ကရင်ရာဇ၀င်အလိုရှိကြောင်း သိရှိရ၍ ယခုအခါ မော်လမြိုင်မြို့ ကြံခင်းကျောင်းတွင် ဂဏ၀ါစကပဌမစာချ ဘုန်းတော်ကြီး ကရင်လူမျိုး ဦးဥတ္တမက မေးမြန်းပြန်သဖြင့် (၁၂၇၀)ပြည့်နှစ်က ကူးယူရရှိသော ကရင်ရာဇ၀င်ရှိဖူးကြောင်းပြောပြ၍ ဘုန်းတော်ကြီးက တိုက်တွန်းသဖြင့် ၎င်းဘုန်းတော်ကြီး၏ သမဂ္ဂဖြစ်သော ကရင်လူမျိုးဆရာတော် နောင်တမန်ဘုန်းတော်ကြီး၊ မြပတိုင်ဘုန်းတော်ကြီး၊ ရေပူဘုန်းတော်ကြီး၊ နောင်လုံနယ် မြပေဘုန်းတော်ကြီး၊ ဒုံရင်း မြို့ဟောင်းနေရာ ရွာကျောင်းဘုန်းတော်ကြီး စသော ကရင်လူမျိုးဆရာတော်ကြီးများက လျှောက်ထားတိုင်ပင်၍ ထိုကရင်ရာဇ၀င်ကျမ်းဟောင်းကို ပြုစုလျက် ရေးသားလိုက်ပေသည်။ ယင်းသို့ဖြင့် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို အပြီးသတ် တိုင်ဆိုင်ညှိနှိုင်း ဖြည့်စွက်ကာ အပြီးသတ် ကရင်ရာဇ၀င်စာအုပ်ဖြစ်လေသည်။ ထိုသို့ရေးသားရာ၌ ကိုးကားအထောက်အကူပြုသည့် စာအုပ် အရေအတွက်ပေါင်းမှာ (၂၀)ကျော်မျှ ရှိလေသည်။

စာရေးဆရာ မောင်စင်ကြယ် ရေးသားထားသော မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါသည်။





ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP