-->

Friday, January 29, 2010

၁၀)္ဘႜင်ထင်း္ဘါ ခွဲါက႟င်ပညာ့ဆု္ဘုံးကုံရွဲာ ဆ်ုအှ်ကံင်း





ဖႜုံဏိင်းသာထာ် ၂၇၄၉-ဏိင်း၊ သာက်ုလာဏိင်းသာထာ် ၁၃၇၁-ဏိင်း လာထိုင့်ခုဂ်ဖေါဟ် ဃှဦုလင်(၄)သင့်
မူၟအ်ုတုက်၊(၃-၁-၂၀၁၀) ဍုံ္ဘင်ကုက်၊ ခွဲါက႟င် ပညာ့ဆု္ဘုံးကုံရွဲာ ဆ်ုအှ်ကံင်း
အင်းတာင်ပ္တံင်လင်သာ ဆု္သုဂ္ဆု္ကႜယလု္ဖးဏွ္ဟွး္ၟၟၟ

အ်ုဏါင်း(၁)ပုက်ထင်း ဆ်ုသုဂ်ဆ်ုကႜယ်ဍေ နမော တဿ သိုင့်္ဘႜင်၊
အ်ုဏါင်း(၂) ဒကာဂမႜိဳငၟ္သယ္လု္ဖး မ်ုတုင်ထင်းဏေ၀်ၟသီ့လာ ယဲာမိင် ဍေ ဆံင့်ဏးယှံင်ထာင် ပရိတ်ဓ၀်ၟ၊
အ်ုဏါင်း(၃) နာယကအ်ုခေါဟ်စံင်း ဖူ့ကျာ်ဖါဍောဟ် ကုမာရ အှ်အိုဝ် ဒကာဂမႜိုင်ၟသယ်လ်ုဖး မ်ုတုင်ၟဏေ၀်ၟထာင်ဆ်ုအင်းသံင်း၊
အ်ုဏါင်း(၄) မာန်နဲာ ညာဏောဒယ(သီရိလင်္ကာ) ဏှ် လ၀်ဟှိုင့်ဖှေ်လင့်ထာင် သုင်းမုက်သာလိုင် ဆ်ုခႜါင်၊
အ်ုဏါင်း(၅) မာန်နဲာမင်္ဂလာဒီပ(သီရိလင်္ကာ) ဏှ် ဒကာဂမႜိုင်ၟသယ်အ်ုဟှင်ၟ လ၀်ဟှိုင့် ဖှေ်လင့်ထာင်ဝေ့ြ ဃှူ့ဃှင်သၞ၀့်ဋ္ဋဋ္ဋဆ်ုခႜါင်အင်းသံင်း၊
အ်ုဏါင်း(၆) မာန်နဲာကုဝေရ( နံင်းထပူရီဘာၟ) လ၀်ဟှိုင့်ဖှေ်သှေ်ယာ့ထာင် ဒကာဂမႜိုင်ၟသယ် ဏေ၀်ၟ/လုက် စေ၀်စု်ရေင့်၊
အ်ုဏါင်း(၇) မာန်နဲာနာဂ၀ံသ(က်ုစိုဝ်) လ၀်ပျုာလင်ဝေ့ ခြါဲက႟င္ပညာ့ဖ၀့္ေကႜာ၀္ဘာၟ အ်ုဟှာင်ၟအ်ုစံင်း၊
အ်ုဏါင်း(၈) ဆ်ုအင်းစာ ဍေ ဆ်ုလ၀်ပျာဆ်ုခႜာင်(အ်ုဍိုဝ်/အ်ုတင်)၊
အ်ုဏါင်း(၉)ပ်ုခိင်ၟဆု္ဘုံး ဍေ ခယ့်လင်ထီ့၊
အ်ုဏါင်း(၁၀) (မိဂဒါယ-ဖ၀့္မူၟယွာ့)ကံုၟရြာဲေ၀့ ဆောတ်ဖးထင်း ဖႜံင့်ဟှး လ်ုဝါ်၊
အ်ုဏါင်း(၁၁) ဟှးသးထာင် ဆ်ုသုက်ဆ်ုကႜယ် ဍေ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သိုင့်္ဘႜင်။
္ဘးဆာင့် ဍေဆု္ဘုံးဆ်ုသုက်ဆ်ုကႜယ်သယ်ဏှ် လ်ုအုဖင့်လးအိုဝ် ယောဝ်ဖိုင်ယှံင် ဓာတ်ဟှင် အှ်ဝေ့ဆေ၀်ၟလှ်။
သုဂ်သတ္တ၀ါသယ် ကို၀္ဟွာၟၟၟၟကို၀္ဟွာ ယှူးခႜါင်း္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့် ဍဳဂ္ပါင္လာဆာ္ၟၟၟ၊


ဆက်ဖတ်ရန်....

Thursday, January 7, 2010

Francis Bacon ရဲ့ အဆိုအမိန့်



Reading makes a full man;
conference a ready man;
and writing an exact man.

{Francis Bacon}

စာဖတ်ခြင်းသည် အသိဉာဏ်
ပညာ ပြည့်စုံသူ ဖြစ်နိုင်တယ်၊
ဆွေးနွေးခြင်းသည် အဆင်သင့်
ဦးဆောင်သူဖြစ်နိုင်တယ်၊
စာရေးခြင်းသည်
အရာရာတိကျသူ ဖြစ်နိုင်တယ်။

Readmore....

Collaps...
Posted by sawlinux
Labels: poem


ဆက်ဖတ်ရန်....

Friday, December 25, 2009

သီရီလင်္ကာရောက်ကရင်ရဟန်းတော်များ ကရင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ် လှူဒါန်း



ကရင်သက္ကရဇ် (၂၇၄၉)ခု၊ (၂၃-၁၂-၂၀၀၉)နေ့ သီရီလင်္ကာရောက
်ကရင်ရဟန်းတော်များကကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်
သီရီလင်္ကာနိုင်ငံ၊ကိုလန်ဘိုမြို့တော်၊ မကုဋာရာမကျောင်းတိုင်တွင်
မြန်မာနိုင်ငံမှ ပညာတော်သင်သံဃာများကို ဆွမ်းဆက်ကပ်လှူဒါန်းကြပါ
သည်။

ကတယ်တော့ (၁၆-၁၂-၂၀၀၉)။ (၁၃၇၁)ခု ပြာသိုလ္ဆန်း (၁)ရက်နေ့က
တည်းက ကရင်နှစ်သစ်ကူးနေ့အဖြစ် ကျင်းပခဲ့ကြသော်လည်း ထိုရက်
အတွင်း သီရီလင်္ကာနိုင်ငံတွင် စာမေးပွဲကျင်းပတဲ့ရက်နဲ့တိုက်ဆိုင်နေ
သောကြောင့် ကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်မကျင်းဖြစ်ခဲ့ပေ။
စာမေးပွဲပြီးဆုံးလို့ (၂၃-၁၂-၂၀၀၉)ရက်နေ့မှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဘာသာ၊စကားပင်ကွဲပြားနေလင့်ကစား ကရင်နှစ်သစ်ကူးရောက်လေတိုင်း နေရာအနှံ့အပြားမှာနေထိုင်ခဲ့ကြတဲ့ကရင်တိုင်းရင်းသားညီကို၊
မောင်နှမများ မိမိရဲ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်လာခဲ့ကြ
သည်မှာ ယနေ့ဆိုလျှင် (၇၀)ကြိမ်မြောက်ပင်တိုင်ခဲ့ပြီးဖြစ်ပါတယ်။
ယခုလိုပင် ကျင်းပလာခဲ့သလို နောင်လဲအစဉ်အမြဲ ကရင်နှစ်သစ်ကူး
ပွဲတော်ကို ကျင်းပမှာအမှန်ပင်ဖြစ်ပါသည်။အမြဲရှင်သန်နေဆဲ အမြဲစီးဆင်းနေမယ့်”ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကိုပုံမထားကာ” ဒို့ရဲ့
ကရင် ညီကို၊ မောင်နှမများလည်း ခံယူချက်၊ ခံစားချက်များစိတ်နှလုံးမှာ
သိုမှီးကာဖြင့် မိမိရဲ့အမြဲရှင်သန်နေဆဲ အမြဲစီးဆင်းနေမယ့်
”ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကိုပုံမထားကာ” ဒို့ရဲ့ကရင် ညီကို၊
မောင်နှမများလည်း ခံယူချက်၊ခံစားချက်များစိတ်နှလုံးမှာသိုမှီးကာဖြင့်
မိမိရဲ့အမျိုးသားကို အမှန်ချစ်တတ်သောစိတ်ဓာတ်၊ ခွဲခြားသိမြင်စေနိုင
်သောကာယဉာဏစွမ်းပကားဖြင့် နိမ့်ကျသောနေသောအမျိုးသားရေးရာ
ကိစ္စများကို သာစေ၊နာစေမခွဲခြားပဲ မြင့်မားလာအောင် ကိုယ့်စီကိုယ်ငှရွက
်ဆောင်နိုင်ကြပါစေ.....ဆိုတဲ့ နှစ်သစ်ဆန္ဒတွေနဲ့အတူသီရိလင်္ကာရောက်
ကရင်ရဟန်းတော်များက ကမ္ဘာနှံ့အပြေားမှာရှိကြတဲ့ ကရင်ညီကို၊မောင်နှမ
များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာပြီး ဘေးရန်ခပ်သိမ်း၊ စိုးရိမ်ခပ်သိမ်း၊ကြောင့်ကြခပ်သိမ်းကင်းဝေရပါစေ..ဆုမွန်များဖြင့်
..ကရင်နှစ်သစ်မင်္ဂလာကို အမြဲရှင်နေမည်၊ အမြဲစီးဆင်းနေအုံးမည်
သာဖြစ်ပါသည်။

ဆက်ဖတ်ရန်....

Wednesday, December 9, 2009

မောင်စေတနာ





မိတ်ဆွေတစ်ယောက်ရဲ့ ကွန်ပျူတာမှာ Local Disk (D:) ကို Double Click လုပ်ပြီး ဖွင့်တာ Search Box ကျလာတယ်။ D: က ပွင့်မလာဘူး။ ဒါနဲ့ မိမိသိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ်။ မရဘူး။ တော်တော်ဆိုးတယ်။ စိတ်က တိုလာတယ်။

ဒါနဲ့ အင်တာနက်ပဲ အားကိုးရတာပေါ့။ Google မှာ ရိုက်ရှာတယ်။ ပေါ်လာပါတယ်။ English လိုရေးထားတဲ့ ဆိုက်တွေ။ များပါ့။ သူတို့ ညွှန်းတဲ့ နည်းလမ်းတွေက မိမိသိတဲ့ နည်းလမ်းတွေ များနေတယ်။ စိတ်ကလဲ ပိုတိုလာတယ်။ မရမချင်း လုပ်မယ်ဆိုပြီ လုပ်လိုက်တာ ရသွားတယ်။ ဟီး။

အကယ်၍ မိတ်ဆွေတို့လဲ ယခုဖြစ်စဉ်မျိုး ဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်းသာ လုပ်ပေတော့။

၁) Start ကနေ Run ကို ရိုက်ဖွင့်ပါ။
၂) Run Box ထဲမှာ regsvr32 /i shell32 ကို ရိုက်ထည့်ပြီး Enter ခေါက်။
၃) OK box တစ်ခု တက်လာလိမ့်မယ်။ Ok လုပ်လိုက်။
၎) ပြီးရင် Restart ချလိုက်။ အိုကေသွားမယ်။
ဟီး။ လွယ်တယ်မဟုတ်လား။ စမ်းကြည့်လေ။ အဆင်ပြေပါစေ။

မောင်စေတနာ
Category: computer

ဆက်ဖတ်ရန်....

Wednesday, December 2, 2009

ကရင်ရာဇ၀င်နှင့် ဦးပညာ(ကောက်နှုတ်ချက်)

သူ့အမြင်သူ့အကြောင်း

မြန်မာ့သမိုင်းအပေါ်တွင် ရှုမြင်ကြရာ၌ ပညာရှင်များအတွင်းဝယ် အမြင်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမျိုးသားပညာရှင်အမြင်ဖြစ်၍ တစ်မျိုးမှာ နိုင်ငံခြားပညာရှင်အမြင်ဖြစ်ပါသည်။ အမျိုးသားသမိုင်းအမြင်ဘက်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှ အစပြု၍ ဆရာကြီးများဖြစ်ကြသော ဦးဘိုးလှ၊ ဦးသာမြတ်၊ သူရိယဦးသိန်းမောင်၊ ပါမောက္ခဦးအေးမောင်(တက္ကသိုလ်မောင်သန့်စင်)၊
ဒဂုန်ဦးလှဖေနှင့် ဦးသိန်းဖေမြင့်တို့ ပါဝင်ကြသည်။နိုင်ငံခြား သမိုင်းအမြင်တွင် ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်းဌာနမှ ပါမောက္ခ မစ္စတာ လုစ်(ဆရာကြိး လုစ်)နှင့် တပည့်များ ပါဝင်သည်။

ယင်းအမျိုးသားသမိုင်းအမြင်နှင့် နိုင်ငံခြားသမိုင်းအမြင်၌ အဓိက ကွဲလွှဲသည့်အချက်မှာ `မြန်မာအစ တကောင်းက`နှင့်` မြန်မာအစ ကျောက်ဆည်က` အယူအငင် အမြင်ခြားနားမှုပင် ဖြစ်ပါသည်။
ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို ရေးသားရာတွင် အထက်ဖော်ပြပါ အမျိုးသားသမိုင်းအမြင်ပေါ်တွင် ခြေစိုက်၍ ရေးသားထားသည်။သို့ဖြစ်၍ ကရင်ရာဇ၀င် ဦးပညာသည် `မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာဝင်` နှင့်လည်း ဆက်စပ်နေပြန်သည်။

ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် သထုံဇာတိသား ကရင်လူမျိုးတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် ပိုးကရင် လူမျိုးဖြစ်သည်။ ဦးပညာသည် သူ၏ ကရင်ရာဇ၀င်စာအုပ်၌ ပိုးကရင်ကို (တလိုင်းကရင်-မွန်ကရင်)ဟူ၍၄င်း၊ စကောကရင်ကို (ဗမာကရင်)ဟူ၍၄င်း၊ ကွေကရင်နှင့် ရှမ်းကရင်ကို( ကြက်ဖိုးကြီး) ရာဇ၀င်နှင့် ဆက်စပ်နေသောကြောင့် ကရင်နီ(ကယား)ကို ဆိုလိုဟန်ရှိပေသည်။

ကရင်ရာဇ၀င်ရေးသားသူ ဦးပညာသည် မူလက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ရဟန်းဘ၀တွင် ကရင်ရာဇ၀င်ကို လေ့လာလိုက်စားခဲ့သည်။ လူဝတ်ကြောင်ဘ၀၌

ယင်း ကရင်ရာဇ၀င်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ဦးပညာသည် ကရင်ရာဇ၀င်ဆရာကြီး ဖြစ်လာလေသည်။

ကရင်ရာဇ၀င်အစ

ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်ကို ရေးသားပြုစုရာတွင် အမျိုးသားသမိုင်းပညာရှင်များ အကိုးအကားပြုသည့်အတိုင်း `ရှမ်းမျိုး၊ တိံသာ၊ မြန်မာသတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်။ ခြောက်ဆယ်ကုလား၊ ရာ့တစ်ပါး´ဟု လူမျိုးတစ်ရာ့တစ်ပါးကို၎င်း၊ `သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ`ဟု မှန်နန်းရာဇ၀င်ကြီးကို ကိုးကား၍ ရေးသားပြုစုခဲ့သည်။`ကရင်သဒ္ဒါ ဖြစ်ပေါ်လာပုံ၊ ကရင်မျိုးနွယ်စုများအကြောင်း၊ ကရင်လူမျိုးများ၏ ဒေသနှင့် ၀ံသ` စသည်တို့ကို `ဇာတ်ပန္နက်` ရိုက်နှက်ပြထားပေသည်။ထို့ပြင် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ယင်းရာဇ၀င်စာအုပ်ကို မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်၍ ရှာဖွေဖော်ထုတ်ခဲ့ရပုံများကိုပါ သူ၏ ကရင်ရာဇ၀င်နိဂုံးပိုင်းတွင် စိတ်ဝင်စားဖွယ် ရိုးသားစွာပင် ရေးသားထားလေသည်။

မြန်မာသက္ကရာဇ်(၁၂၇၀)ပြည့်နှစ် နတ်တော်လအတွင်း မော်လမြိုင်(ကျိုက္ခမီ ဒီစကြိတ်) ကော့ကရိတ်မြို့သို့ ကျွန်ုပ်တို့ ရောက်ခဲ့တဲ့အခါ ငယ်စဉ်က မိတ်ဆွေဟောင်းများ ဖြစ်ဖူးသော ၄င်းကော့ကရိတ်မြို့ အရှေ့တောင်(၃) မိုင်ခန့်ဝေးသော အရဒ်မြို့ဟောင်းရွာကျောင်း၌ နေသော ရဟန်းသိက္ခာ(၂၅) ၀ါရ ဦးနန္ဒမာလာ အမည်ရှိသော ကျောင်းထိုင်ဘုန်းတော်ကြီးက ဖိတ်ခေါ်သဖြင့် အပေါင်းအဖော်တို့နှင့်တကွ မြို့ဟောင်းရွာကျောင်းသို့ ရောက်ကြလေသည်။ဘုန်းတော်ကြီးသည် ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်တွင် ရှမ်းလူမျိုးအမိတို့မှ မွေးဖွါး၍ ကြည့်မြင်တိုင်စမ်းချေင်းအရပ်၌ ကြီးပြင်းလျက် အရွယ်သို့ရောက်သောအခါ `ဒွါရ၀ါဒီဂိုဏ်း` တွင်

သာမဏေပြု၍ စာပေပရိယတ်ကို သင်ကြားခြင်း၊ အသက်ပြည့်သောအခါ ရဟန်းပြု၍ မန္တလေးသို့ တက်ရောက်လျက် ဘုရားဟော ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ပြီးနောက် အောက်ပြည်သို့ ပြန်ကြွခဲ့သည်။ ဇာတိဖြစ်သော ရှမ်းဒါယကာများ ပင့်ဖိတ်သဖြင့် ၄င်းမြို့ဟောင်းသို့ရောက်ရှိ၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးလေသည်။

ထိုမြို့ဟောင်းရွာကျောင်း၌ ကျွန်ုပ်တို့ရောက်ကြ၍ နောက်နေ့၌ပင်လျှင် ဒေါနတောင်တန်းကြီးနှင့် ဆက်စပ်လျက်ရှိသော တောင်ငယ်တစ်ခုပေါ်သို့ အလိုရှိသော ပစ္စည်းဝတ္ထများကို ရှာဖွေရန်၊ ဒေသန္တရဗဟုသုတဖြစ်စေရန် တက်ကြလေရာ တောင်ပေါ်သို့ရောက်သောအခါ မြို့ရိုးကျူံးဟောင်းများနှင့်ပြည့်စုံသော မြို့ဟောင်း၊မြို့ပျက်ကြီးတစ်ခုကို တွေ့မြင်ရ၍ ထိုမြို့ဟောင်း၏ အကြောင်းအရာတို့ကို မေးမြန်းသောအခါ ထိုရွာမှ လိုက်ပို့ကြသူများကနှင့် ကျောင်းထိုင်ဘုန်းတောကြီးတို့က ပြောပြသည်မှာ ဤမြို့ဟောင်းကြီးကြောင့် ဤရွာကိုလည်း ´မြို့ဟောင်းရွာ`ဟု မြန်မာလိုခေါ်ကြောင်း၊

ရှေးအခါက ကရင်လူမျိုးနန်းစံနေထိုင်ဖူးသော ကရင်မင်း၏အကြောင်းအရာ ရာဇ၀င်များ အထောက်အထားရှိပါသလားဟု မေးမြန်းသောအခါ ကျောင်းဒါယကာကြီး `ဦးဣန္ဒ` ၏ အထံ၌ ပအူ(ပအို့) တောင်သူဘာသာဖြင့် ဤမြို့ဟောင်း၏ ရာဇ၀င်ရှိကြောင်းကို ပြောပြသဖြင့် တောင်ပေါ်မြို့ဟောင်းမှ ဆင်းကြ၍ကျောင်းဒါယကာကြီး ဦးဣန္ဒထံ သို့ သွားရောက်မေးမြန်းလေရာ ရှမ်းပြည် `မိုင်းခိုင်း` မြို့မှလုပ်သော စက္ကူအဖြူပေါ်တွင် မှင်နက်ဖြင့် ပအူ(ပအို့)တောင်သူဘာသာ အက္ခရာစာဖြင့် ရေးသားထားသော အလျားအရှည်ပေ တစ်တောင်ခန့်၊ အနံ(၁၄) လက်မခန့်၊ စာရွက်ရေ (၁၉)ရွက်ကို ဖျင်ထည်ဖြင့် မျက်နှာဖုံးပြုလျက် လိပ်ထားသောကရင်ရာဇ၀င်ကို ပြသလေသည်။

၎င်းကရင်ရာဇ၀င်သည် နှစ်(၂၀)ခန့် အသုံးမပြုဘဲ ရှိခဲ့ရာ (၁၂၈၈)ခုနှစ်လောက်မှ ကရင်လူမျိုးတို့သည် နိုးကြားထကြွ ရှိလာသဖြင့် ကရင်ရာဇ၀င်အလိုရှိကြောင်း သိရှိရ၍ ယခုအခါ မော်လမြိုင်မြို့ ကြံခင်းကျောင်းတွင် ဂဏ၀ါစကပဌမစာချ ဘုန်းတော်ကြီး ကရင်လူမျိုး ဦးဥတ္တမက မေးမြန်းပြန်သဖြင့် (၁၂၇၀)ပြည့်နှစ်က ကူးယူရရှိသော ကရင်ရာဇ၀င်ရှိဖူးကြောင်းပြောပြ၍ ဘုန်းတော်ကြီးက တိုက်တွန်းသဖြင့် ၎င်းဘုန်းတော်ကြီး၏ သမဂ္ဂဖြစ်သော ကရင်လူမျိုးဆရာတော် နောင်တမန်ဘုန်းတော်ကြီး၊ မြပတိုင်ဘုန်းတော်ကြီး၊ ရေပူဘုန်းတော်ကြီး၊ နောင်လုံနယ် မြပေဘုန်းတော်ကြီး၊ ဒုံရင်း မြို့ဟောင်းနေရာ ရွာကျောင်းဘုန်းတော်ကြီး စသော ကရင်လူမျိုးဆရာတော်ကြီးများက လျှောက်ထားတိုင်ပင်၍ ထိုကရင်ရာဇ၀င်ကျမ်းဟောင်းကို ပြုစုလျက် ရေးသားလိုက်ပေသည်။ ယင်းသို့ဖြင့် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို အပြီးသတ် တိုင်ဆိုင်ညှိနှိုင်း ဖြည့်စွက်ကာ အပြီးသတ် ကရင်ရာဇ၀င်စာအုပ်ဖြစ်လေသည်။ ထိုသို့ရေးသားရာ၌ ကိုးကားအထောက်အကူပြုသည့် စာအုပ် အရေအတွက်ပေါင်းမှာ (၂၀)ကျော်မျှ ရှိလေသည်။

စာရေးဆရာ မောင်စင်ကြယ် ရေးသားထားသော မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါသည်။





ဆက်ဖတ်ရန်....

Monday, November 30, 2009

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး



ကရင်အမျိုးသား အလံတော်ဟာ နက်ရှိင်းသော အဓိပ္ပါယ်ရှိပြီး ကြီးမားသောမျှော်လင့်ချက်နှင့်ရည်မှန်း ချက်များလည်းရှိပါတယ်။ အလံဆိုသည်မှာ အဖွဲ့အ စည်း၏ကိုယ်စား၊ လူမျိုးတမျိုး၏အသက်ကို ကိုယ်စား ပြုခြင်းသင်္ကေတ အမှတ်အသား တစ်ခုလည်းဖြစ်ပါ တယ်။ ကရင်လူမျိုးတို့အတွက် မရှိမဖြစ် အလွန်အရေး ကြီးလှတဲ့အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ကရင် အမျိုးသားအလံတော်ဟာ အခြားလူမျိုးတို့က၊ အသိ အမှတ်ပြုတာကို ကရင်အမျိုးသားတွေက ဂုဏ်ယူစရာဖြစ်ရပါတယ်။

(၁၈၈၁)ခုနှစ်တွင် ဒေါက်တာတီသံပြာဟာ ကရင်အမျိုးသားအဖွဲ့တစ်ဖွဲကို တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၄င်းအဖွဲမှာ သူက ကရင်အမျိုးသားအဖွဲ့၏ ပထမဦးဆုံးသော သဘာပတိဖြစ်ပါတယ်။ ဒေါက်တာတီသံပြာ သဘာပတိဖြစ်ပြီးတဲ့နောက် (၁၉၃ဝနှင့် ၄ဝ)ခုနှစ်ကြားမှာ သာယာဝတီမြိုနေဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန်အဖြစ် ထမ်း ဆောင်ခဲ့ပါတယ်။ ဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန် ထမ်းဆောင်တဲ့အချိန်မှာဘဲ လွှတ်တော် အစည်းအဝေးထဲမှာ ကရင်နှစ်သစ်ကူးနေ့၊ ကရင်အလံ၊ ကရင်အမျိုးသားသီချင်း၊ ပေါ်ပေါက်လာဖို့အတွက် ကရင်ခေါင်း ဆောင်ကြီးများနဲ့အတူ လွတ်တော်အစည်းအဝေးမှာ ဤအခွင့်အရေးများ ပေါ်ပေါက်လာရန်အတွက် တညီတညွတ် တည်းတိုက်ပွဲဝင်တောင်း ဆိုခဲ့ကြပါတယ်။ ကရင်အစည်းအရုံး Karen National Association ဖြင့်ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်လူ မျိုးများအားလုံး ဒီအဖွဲ့ထဲမှာ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးတို့ရဲ့ ရည်ရွယ်ချက်က ကရင်အမျိုးသားများဟာ မိမိတိုအလံတော်ရှိ လာရန်အတွက် လွှတ်တော် အစည်းအဝေးထဲမှာ(၁၉၃၅)ခုနှစ်ကရင်တမျိုးသားလုံးနဲ့ ထိုက်တန်တဲ့ကရင့်အလံတော်ကိစ္စကို တင်သွင်းပြီးမဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။
အစည်းအဝေးပြီးတာနဲ့တပြိုင်တည်း ကရင်အလံပုံစံကို ပြိုင်ပွဲတစ်ရပ်အနေဖြစ် အပြိုင်အဆိုင်ရေးဆွဲကြရန် ကြေညာစာများနှင့် သတင်းစာထဲမှာပါ ထည့်သွင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကရင်အလံပုံစံရေးဆွဲကြရန် တောင်းဆိုဆော်သြပန် ကြားလိုက်တယ်။ ပြိုင်ပွဲဆုကိုလည်း ထိုက်ထိုက်တန်တန်ပေးမယ်လို့ ကြေညာ ချက်ထဲမှာ ထည့်သွင်းဖေါ်ပြထားပါသေးတယ်။
ဤပန်ကြားချက်ဟာ မကြာခင်အတောအတွင်းထဲမှာပဲ ပြည်တွင်းမှာနေထိုင်ကြတဲ့ ကရင်လူမျိုးအများအပြား အလံတော်ပုံစံအခုတစ်ရာကျော် တင်ပို့လာခဲ့ကြပါတယ်။ ထိုအလံတော်ပုံစံအခုတစ်ရာကျော်အနက် အလံပုံစံ(၁၂)ခုကို ရွေးချယ်သတ်မှတ်ပြီး အလံ(၁၂)ခုထဲမှာ (၃)ခုထပ်မံရွေးချယ်လိုက်ပြန်ပါတယ်။ ရွေးချယ်ခံရတဲ့အလံ (၃)ခုမှာ အလံပုံစံရေးဆွဲတဲ့သူ ပထမဆုရရှိတဲ့ (မန်းဘခင်) (ဘီအေ) ကရင်အမျိုး သားအဖွဲ့ကစာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
သူတီထွင်တဲ့အလံတော်ဟာ ကရင်လူမျိုးများတိုရဲ့အမြတ်တနိုးထားသော ဖါးစည်တစ်လုံး ပါရှိပါတယ်။ သူကဖားစည်ရဲ့ အဓိပ္ပါယ်ကိုဖေါ်ပြရာမှာ (က)ရှေးခေတ်ကရင်လူမျိုးများရဲ့အိမ်တိုင်းမှာ ဖါးစည်ကိုလက်နက်သဖွယ်ဆောင် ထားကြပါ တယ်။ (ခ)ကရင်လူမျိုး များဟာ ဖါးစည်ကိုအသက်သမျှရိုသေ တန်ဖိုးထားကြပါတယ်။ သက်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ထားတာ ကြောင့် ဖါးစည်တစ်လုံးလိုမခေါ်ဆိုဘဲ ဖားစည်တစ်ခုအဖြစ် အသိအမှတ်ပြု ခေါ်ဆိုခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့ တောင်ငူကဆရာမိုးလိုရဲ့ ရေးဆွဲသောအလံ အဓိပ္ပါယ်ဖေါ်ပြချက်မှာ တက်သစ်စနေဝန်းအမှတ်အသား တစ်ခုဖြစ်တယ်။ သူ၏ဖေါ်ပြချက်မှာ (က)တက်သစ်စနေဝန်းဟာ နေ၏အလင်းရောင်ကို ကမ္ဘာပေါ်ရှိကရင်လူမျိုးများတို့ရဲ့ တိုးတက် ထွန်းလင်းတောက်ပစေရန် ဖြစ်ပါတယ်။ (ခ)နေရောင်ခြည်ဟာ ကြောက်စိတ်ကိုဖယ်ရှားခြင်းဖြစ်တယ်။ ဥပမာ အိမ်ထောင်တစ်ခုအတွင်းမှာ အိမ်သူအိမ်သား တစ်ယောက်ကနေမကောင်းဖျားနာနေလျှင် အခြားသောအိမ်သား တစ်ဦးဦးကလူနာသည်အတွက် စိုးရိမ်ကြောက်ကြနေသည့်အတွက် မိုးမြန်မြန်လင်းစေချင်ပါတယ်။ ညဘက်မှောင် ချိန်ရောက်လျှင် ကြောက်စိတ်တွေ ခံစားနေရသည့်အတွက် နံနက်နေရဲ့အလင်းရောင်ပေါ်လာတဲ့အခါ ကြောက်စိတ် ကို ဖယ်ရှားစေပါ တယ်။ (ဂ)နေရဲ့အလင်းရောင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအရာဝတ္ထုများအားလုံး အသက်ရှင်ခြင်းကို ပေးစွမ်းနိုင်တယ်။ ကမ္ဘာပေါ်ရှိ လူသားများအားလုံးလည်း နေရောင်ခြည်အားကို လိုသလိုအသုံးပြုခဲ့ကြပါတယ်။ ဆရာဝန်များကလည်း လူနာကို နေလှမ်းပြီး ကျန်းမာစေသလို နေရောင်ခြည်ရဲ့အကျိုးကျေးဇူးများလည်း ရရှိပါတယ်။

တတိယဆုရရှိတဲ့ ဒေါက်တာဘစောဒွေးရေးဆွဲတဲ့ ကရင်အလံတော်ပုံစံမှာ ဆင်ဖြူတော် အရုပ်အမှတ်အသားပြုခဲ့ ပါတယ်။ ဖားစည်ရဲ့အပေါ်မှာလည်း ဆင်အရုပ်ပါရှိနေပါတယ်သူရဲ့အဓိပ္ပါယ်ဖေါ်ပြချက်မှာ ဆင်ဖြူတော်ဟာတန်ဘိုးရှိပြီး မြင့်မြတ်တဲ့ ရာတနာတစ်ခု ဖြစ်ပါတယ်။

ကရင်အစည်းအရုံးအတွင်းရေးမှူး မန်းဘခင်ဦးဆောင်ပြီးတော့ ကရင်အလံ(၃) ခုပေါင်းကာ တစ်ခုတည်းအတည်ပြုပြီး ကရင်အမျိုးသားအဖွဲ့ထံသို‹တင်သွင်းခဲ့ပါတယ်။ ၄င်းနောက် ကရင်အမျိုးအဖွဲ့က ဤအလံတော်ကို အတည်ပြုခဲ့သည်။ ကရင်အလံတော်မှာ အရောင်(၃)မျိုးရှိပါတယ်။ အနီ၊အဖြူ၊ အပြာ ရောင်နှင့် နေဖြာရောင်ခြည်(၉)ခုလည်းပါဝင် ခဲ့ပါတယ်။ ကရင်အလံတော်(၃) ခုကို ပေါင်းစည်းခဲ့တဲ့ မန်းဘခင်က ကရင်အလံတော်ရဲ့အဓိပ္ပါယ်ဖေါ်ပြရာမှာ
(က) အနီရောင်ဆိုသည်မှာ- ရဲရင့်ပြတ်သားခြင်းသတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း။
(ခ) အဖြူရောင်ရဲ့ဓိပ္ပါယ်မှာ - ဖြူစင်ခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း။
(ဂ) အပြာရောင်ရဲ့အဓိပ္ပါယ်မှာ - ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ဖြစ်ပါတယ်။
(ဃ) တက်သစ်စနေဝန်း၏နေရောင်ခြည်(၉)ခုမှာ- ကရင်လူမျိုးတို့ရဲ့ နေရပ်ဌာနီကို ဖေါ်ပြခြင်း၊ ဘဝတိုးတက်မှုနှင့် သာယာငြိမ်းချမ်းမူဖြစ်ပါတယ်။
(င) ဖားစည်၏အဓိပ္ပါယ်မှာ – စည်းလုံးညီညွတ်မှုအမှတ်အသားနှင့် ရိုးရာယဉ်ကျေးမူ ၊ တန်ဖိုးရှိ သောပိုင်ဆိုင်မူတို့ဖြစ်ပါ တယ်။

ကရင်နှစ်သစ်ကူးနေ့ ကျင်းပတဲ့နှစ်တနှစ်တည်း မြန်မာသက္ကရာဇ်(၁၂၉၉) ခရစ်သက္ကရာဇ် (၁၉၃၈)ခုနှစ်ကရင်သက္ကရာဇ် (၂၆၇၇)ခုနှစ်မှာ ကရင်နှစ်သစ်ကူးပထမဦးစွာ ကျင်းပခဲ့သည့်နေ့မှာ ကရင်အမျိုးသားအလံတော်ကို ၄င်းနှစ်သစ်ကူးနေ့ မှာပဲ အလံတိုင်ပေါ်သို့ လွှင့်ထူခဲ့ပြီး ကရင်အမျိုးသားများတို့က စည်းလုံးညီညွတ်စွာ ဦးညွတ်၍ အလေးပြုခဲ့ကြပါတယ်။

(၁၉၃၆)ခုနှစ်မှာ ဗြိတိသျှတပ်မှ ကရင်စစ်ဘက်ခေါင်းဆောင်တို့က၊ ကရင်အမျိုးသားအလံပေါ်တွင်ရှိသော ဖားစည်၏ အောက်မှာကဒိုးနှစ်ခုအထိမ်းအမှတ် ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ ဤသင်္ကေတ အမှတ်အသားပါသော အလံကို အင်္ဂလိပ် အစိုးရထံတရားဝင် တင်ပြခဲ့ပါတယ်။ ကရင့်အမျိုးသားအလံဟာ (၁၉၄၉)ခုနှစ်ဇန္နဝါရီလ(၃၁)ရက်နေ့မှာ ကရင့်လက်နက် ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါမှာ တောတွင်းကရင့်လက်နက်ကိုင်အလံဟု (ဖဆပလ) အစိုးရအဖွဲ့ထဲမှ အချို့ လူတွေကစွပ်စွဲပြောဆိုကြပြီး ကရင်အမျိုးသားအလံကို အစိုးရက သုံးစွဲခွင့်မပြုတော့ပါ။ သို့သော်လက်နက်ကိုင်တော် လှန်ရေးမလုပ်သော ကရင်အမျိုးသားအဖွဲ့ ခေါင်းဆောင်ဖြစ်ကြသောဆရာသာထို–ဆရာမန်းဂျိမ်းထွန်းအောင် ကရင် လူကြီးစောဘဲလေတို့က၊ ကရင်နှစ်သစ်ကူးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့အခါမှာ ကရင်အလံတော်ကိုရဲရဲဝံ့ဝံ့ ပြန် လည်၍ လွှင့်ထူခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်–မူးဆိုးကော်ကစာ စောဟန်တာသာမွှေးအား ကရင်အလံတော်ကို ဖြန့် ဝေခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာ စောစံ ဖိုးသင်လည်းထိုနည်းတူစွာ ကရင်အလံတော် ကိုထုတ်ဝေခဲ့ပြန်ပါတယ်။ ယခုအသုံးပြုနေသောအလံဟာ ရှေးခေတ်က၊ကရင် ခေါင်းဆောင်ကြီးများ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ဤအလံတော် သည် နက်ရှိုင်းသောအဓိပ္ပါယ်ရှိပြီး ဂုဏ်ကျက်သရေလည်း ပြည့်ဝပါသည်။ ထို့ ကြောင့် ကရင်အမျိုးသားများအားလုံး ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နောင်လာနောင်သား ကရင်အမျိုးသားထု တစ်ရပ်လုံးက မိမိတို့ရရှိထားတဲ့ ဒီအခွင့်အရေးကိုမပပျောက်မဆုံးရှုံးရအောင် ကရင်တိုင်းမှာ ထိမ်းသိမ်းကာကွယ်ရန် တာဝန်ရှိပါတယ်။

ယခုမျက်မှောက်ကာလမှာ တောင်ပေါ်ဒေသမြေပြန့်ဒေသနှင့် ရေမြေရပ်ခြားနေထိုင် ၍ပြန့် ကျဲနေကြသောကရင်လူမျိုးတို့ဟာ ဘာသာအယူအဆ ကွဲပြားခြားနားသော်လည်း ရိုးရာပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူး၊ ဝါခေါင်လပြည့် ချည်ဖြူ ဖွဲ့ပွဲ၊ နှစ်ဦးကောက်သစ်စားပွဲ၊ အစည်းအဝေးပွဲ၊ ယဉ်ကျေးမှုပွဲတော် စသဖြင့် ကျင်းပပြုလုပ်သည့်အခါတိုင်း အမျိုးသား အလတော်ကို လွှင့်ထူခဲ့ကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးတို့၏ယခုမျက်မှောက်ကာလမှာ တစုတရုံးတည်း အတူတကွ နေထိုင်ခွင့်မရခဲ့ပါ သို့သော် ကရင်အမျိုးသားရဲ့အလံတော်အောက်မှာ စိတ်ဝမ်းကွဲပြားမှုမရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘာသာ အယူအဆ ကွဲပြားခြားနားမှုရှိသော်လည်း ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ကျရောက်မည့်(၇၂)ကြိမ်မြောက် ကရင်နှစ်သစ် ကူးနေ့မှာ တစ်ခုတည်းသော အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်ခြင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကြွယ်ဝချမ်း သာခြင်း၊ ငြိမ်းချမ်းသာယာသောဘဝကို မျှော်မှန်းကြပါတယ်။

ထို့ကြောင့် ကရင်အမျိုးသားအလံဟာ အရေးကြီးသော အမှတ်အသားတစ်ခု ဖြစ်ခြင်းကြောင့် ကွဲပြားပြန့်ကျဲနေသော အဖွဲ့အစည်းများကို အလံတော်က စုစည်းညီညွတ်စေပြီး အင်အားဖြစ်စေပါတယ်။ ထိုအင်အားမှတစ်ဆင့် ရုန်းကန်မှု အဖြင့်သို့ ရောက်ရှိကာ လွတ်မြောက်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါတယ်။

ဝင်းရော် စောထဲနေ

ဆက်ဖတ်ရန်....

Saturday, November 28, 2009

ကရင်၏ မူလဇာစ်မြစ် (၃)



မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)

ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။

ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။

မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။

ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။

ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။

မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။

ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၁) ကို ဖတ်ရှုလိုပါက …
ကရင်၏ မူလဇာစ်မြစ် အပိုင်း (၂) ကို ဖတ်ရှုလိုပါက …

ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP