-->

Thursday, July 23, 2009

ဆက်ဖတ်ရန်....

Tuesday, July 21, 2009

ကရင်စာပေ အက္ခရာဖြစ်ပေါ်လာပုံ 0တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ-ဘားအံ)

ကရင်လူမျိုးတို့သည်နေထိုင်လာခဲ့သော မက်ဆိုပိုတေးမီးယားဒေသနှင့် ရှိနလွင်ပြင်မြစ်နှစ်မွာဒေသတွင် ကရင်လူမျိုးတို့သည် စာရေးခြင်းအတတ်ပညာကို တတ်မြောက်ခဲ့ကြပြီဟု သမိုင်းသုတေသီတို့က ဆိုကြ၏။

အစောဆုံးကမ္ဘာ့စာပေ

ဘီစီ (၄၀၀၀)နှင့် (၃၀၀)ခန့်တွင် ဆူမာရီးယန်းလူမျိုးသည် မျှားသွားပုံ အက္ခရာနှင့် စာရေး၍ အီဂျစ်လူမျိုးတို့သည် အရုပ်စာဖြင့် ကမ္ဘာ့ပေါ်တွင် အစောဆုံးစာရေးနည်း ရေးသားကြသည်ကို သမိုင်းပညာရှင်တို့ကဆို၏။

ကမ္ဘာ့အနှံ့ဆူမားရီးယန်းလူမျိုးတို့သည် ကျူနီဖေါင်းစာရေးနည်းကို ဆီမိုက်အနွယ်ဝင် ဘက်ဘီလုံးနီးယန်းလူမျိုးနှင့် အဆီးနီးယန်းလူမျိုးတို့က ဘီစီ (၂၅၀၀)ခန့်တွင် လက်ခံရယူခဲ့ပြီး ၄င်းတို့ထံမှ တစ်ဆင့် အင်ဒိုဥရောပအနွယ်ဖြစ်သော ဟစ်တိုက်နှင့် ပါရှန်းလူမျိုးတို့ထံမှ ဘီစီ (၁၅၀၀) နှင့် (၆၀၀)ခန့်တွင် အသီးသီးပြန့်နှံ့ခဲ့သည်။

အနောက်ဆီမင်းတစ်အနွယ်သည် ဖီနီရှန်ကုန်သည်များထံမှတစ်ဆင့် ဂရိလူမျိုးတို့က စာရေးနည်း အတတ်ပညာကို ဘီစီ (၉၀၀)ရာစုခန့်တွင် ရရှိကြပြီးလျှင် ဂရိတို့ထံမှတစ်ဆင့် လက်တင်၊ ပြစ်သစ်၊
ဂျာမန်စသော ဥရောပဘာသာစပေများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပေသည်။ ၁၅-ရာစုနှင့် စာပုံနှိပ် အတတ်ပေါ်ပေါက်လာခြင်းနှင့် သာသနာပြုပုဂိုလ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် စာရေးခြင်းအတတ်သည် ကမ္ဘာ့အနှံ့အပြားပျံ့နှံ့ခဲ့ပေ၏။

အာရှရောက်စာပေအက္ခရာအရှေ့တောင်အာရှနိုင်င့များဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါလ်၊ တိဗက်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၏ အသုံးပြုလျှက်ရှိသော အက္ခရာများမှာ အိန္ဒိယနိုင်ငံ၏ ဘီစီ (၇)ရာစုနောက်ပိုင်းတွင် ထွန်းကားလာသည့် ဗြဟ္မီအက္ခရာများဖြစ်၏။

ဆိမိတစ်အက္ခရာမှ ဗြဟ္မီအက္ခရာ

ဗြဟ္မီအက္ခရာသည် ဘီစီ (၈၉၀)ခန့်က ဖီနီရှန်ကျောက်စာများတွင် တွေ့မြင်ရသော မြောက်ပိုင်း ဆိမိတစ်အက္ခရာမှ ဆင်းသက်လာခဲ့ကြောင်းတွေ့ရှိရသည်။ ၄င်းတို့အက္ခရာများကို မက်ဆိုပိုတေးမီးယားဒေသမှရှိသော လူမျိုးစုများက ယူဆောင်လာခဲ့ရာမှ ဘီစီ (၃)ရာစုခန့်က အသောကဘုရင်ကျောက်စာများကို ရေးထိုးထားသော အချိန်မှစ၍ ဗြဟ္မီအက္ခရာဟု အမည်တွင်လာခဲ့ခြင်းဖြစ်၏။

မြန်နိုင်ငံရှိ အက္ခရာ

မြန်မာနိုင်ငံတွင် ယနေ့ရေးသားသောအက္ခရာသည် အိန္ဒိယနိုင်ငံ ဘီစီ (၆)ရာစုခန့်တွင် စတင်ထွန်းကားခဲ့သော ဗြဟ္မီအက္ခရာပွားများဖြစ်ခဲ့ကြောင်း ပညာရှင်တို့က လက်ခံကြသည်။ အေဒီ (၄)ရာစုနှစ်ခန့်က သရေခေတ္တရာ ပျူလူမျိုးတို့ ရေးသားလျှက်ရှိသော အက္ခရာသည် အိန္ဒိယမြောက်ပိုင်းသုံး -ကဒမ္ဘ-အက္ခရာ-ဖြစ်ကြောင်း ပညာရှင်များက လက်ခံကြသည်။
(ခင်ဘကုန်း - ရွှေပေချပ် (၂၀) ကို လေ့လာပါ)

ကရင်လူမျိုး ပလ္လ၀အက္ခရာ

ကရင်တို့သည် မက်ဆိုပိုတေးမီးယားဒေသရှိ ရှနလွင်ပြင် မြစ်နှစ်မွှာဒေသမှ ရေးသားတတ်မြောက်သော စာပေကို မြန်မာနိုင်ငံသို့ ရောက်ရှိသောအခါ အက္ခရာသစ်များရေးသားတီထွင်လာ၍ မူလရေးသားသော -ဆိမိတစ်အက္ခရာ- ကို အသုံးမပြုတော့ဘဲ -ပလ္လ၀အက္ခရာ-ကို ဆန်းသစ်တီထွင်ကာ ရေးသားလာခဲ့ကြသည်ဟု စာပေအက္ခရာသမိုင်းပညာရှင်တို့က ဆိုကြ၏၏။

မွန်နှင့်ကရင် အက္ခရာတူကြ

ကရင်တို့သည် မြန်မာနိုင်ငံတွင်ရေက်ရှိနေထိုင်သောအခါ ကရင်တို့ရေးသားသော -ပလ္လ၀အက္ခရာ-ဖြင့်ပင် မွန်လူမျိုးတို့သည်လည်း ၄င်းအက္ခရာစာနှင့် ရေးသားခဲ့ကြသည်ကိုတွေ့ရသည်။
ဘုရင်ရေးသော အက္ခရာ
ပလ္လ၀အက္ခရာ-ဆိုသည်မှာ အိန္ဒိယနိုင်ငံတွင် ရှေးအကျဆုံး အသုံးပြုသော -ဗြဟ္မီအက္ခရာ-မူကွဲဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ဂုတ္ထဘုရင် အုပ်ချုပ်စဉ် ဂုတ္ထအက္ခရာ၊ ကဒမ္ပဘုရင်အုပ်ချုပ်လျှင် ကဒမ္ပအက္ခရာ၊ ပလ္လ၀ဘုရင်အုပ်ချုပ်လျှင် ပလ္လ၀အက္ခရာသုံးကြောင်း သုတေသီတို့က ဆိုကြ၏။

အထက်မြန်မာနိုင်ငံ စာပေအင်အားစာအုပ်က

ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်း၇င်းသားအားလုံးတို့ရဲ့ ရေးသားတဲ့စာပေဟာ -ပလ္လ၀အက္ခရာ-တွေပါဘဲ၊ ဒီအက္ခရာဟာ အိန္ဒိယကုန်သည်ထံမှ တစ်ဆင့် မြန်မာတိုင်းရင်းသားများ
လက်ထဲကို ရောင်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေကဆိုတယ်။
မြန်မာနိုင်ငံမှာ ရေးသားတဲ့စာပေအများစုဟာ အက္ခရာသုံးတဲ့ သမိုင်းနဲပကြည့်ရင် ရခိုင်ပြည်နယ် ဘက်မှာ -ဂုတ္ထအက္ခရာ-နဲ့ သက္ကဋဘာသာကျောက်စာတွေမှာ တွေ့ရှိရပါတယ်။ ဟန်လင်းဘက်မှာက -ဂုတ္ထအက္ခရာ-နဲ့ ပျူဘာသာကျောက်စာတွေ တွေ့၇တယ်။ မြန်မာနိုင်ငံ -ဂုတ္ထအက္ခရာ-၀င်ရောက်လာတာဟာ အေဒီ (၄၀၀)ထက်မစောဘဲ (၆၀၀)ထက် နောက်မကျဘူးလို့ သမိုင်းပညာရှင်တွေပြောပါတယ်။

သရေခေတ္တရာပျို့မှာရှိတဲ့ ပျူလူမျိုးတွေက ကဒမ္ပအက္ခရာသုံးတယ်။ (ဟန်လင်းပျူက - ဂုတ္ထအက္ခရာသုံးတယ်) သထုံနဲ့ မုတ္တမဘက်က မွန်လူမျိုးနဲ့ ကရင်လူမျိုးတို့မှာတော့ -ပလ္လ၀အက္ခရာ-နဲ့ ခရစ်အေဒီ (၇၀၀)လောက်က စတင်ပြီးတော့ အသုံးပြုတယ်လို့ ခန့်မှန်းကြတယ်။ ဒီထက်စောရင်လည်း စောနိုင်တယ်။

ကရင်များကလည်း အဲဒီခေတ်လောက်ဘဲ ကရင်စာကို ပလ္လ၀အက္ခရာနဲ့ ကရင်အသံထွက်အတိုင်း ပွားပြီတော့ သုံးတယ်လို့ အချို့သုတေသီများက ဆိုတယ်။

ကျောက်စာမှတ်တမ်းတွေကို ကြည့်ရင်…

(၁) အနိရုဒ္ဒါ(အနော်ရထာ) ဘုရင်ဟာ ခရစ်နှစ် အေဒီ (၁၀၄၇-၇၇) နှစ်မှာ ဘုရင်မှတ်တမ်းကို သက္ကဋ၊ ပါဠိဘာသာရေးတဲ့စာနဲ့ ရေှးမှတ်တယ်။
(၂) ကျန်စစ်သား(ထီးလှိုင်ရှင်)ဟာ ခရစ်နှစ်အေဒီ (၁၀၄၄-၁၁၁၃) ခုနှစ်မှာ မွန်ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
(၃) အလောင်းစည်(၁) ဟာ ခရစ်နှစ်အေဒီ (၁၁၁၃-၁၁၆၃) ခုနှစ်မှာ ပါဠိဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
(၄) ရာဇကုမာရ(ကျန်စစ်သား) ရဲ့ သားဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်မှာ ပါဠိ+မွန်+ပျူ+ဗမာ(၄)မျိုးပါတဲ့ မြတ်စေတီကျောက်စာကို ပလ္လ၀အက္ခရာနဲ့ ရေးထိုးထားပါတယ်။
(၅) နရပတိစည်သူမင်းဟာ ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၉) ခုနှစ်မှာ ဗမာ (မြန်မာ)ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။
ရှေးဟောင်း ကရင်လူမျိုးတွေရဲ့ ရေးသားတဲ့ ပလ္လ၀အက္ခရာဟာ မွန်လူမျိုးနဲ့ တပြိုင်တည်းအသုံးပြုခဲ့တယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများအားလုံး ရေးသားတတ်ကြတဲ့ -မြန်မာစာ-ဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်လောက်မှ အစောဆုံးပေါ်ပေါက်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
မွန်စာပေဟာ ခရစ်နှစ်အေဒီ (၁၀၄၄) ခုနှစ်မှာ သားတော်စောလူမင်း ခေတ်အဆုံး (၁၀၈၄) အေဒီ အထိနှင့် ကျန်စစ်သားမင်းလက်ထက် ခရစ်နှစ် အေဒီ (၁၀၈၄ မှ ၁၁၁၃)အေဒီနှစ်အထိ မွန်ဘာသာအစွမ်းကုန် ထွန်းကားသော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။
ခရစ်နှစ်အေဒီ (၁၁၁၃ မှ ၁၁၇၃) ခုနှစ် အထိဟာ နှစ်ပေါင်း (၆၀)အတွင်း -မွန်စာပေနဲ့ မြန်မာစာပေ ကူးပြောင်းရေးကြားကာလ- လို့ မှတ်ယူကြတယ်။
နရပတိစည်သူမင်းလက်ထက် ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၁)နှစ်အတွင်းမှာ မြန်မာစာပေ အရေးအသားဟာ ထီးသုံးနန်းသုံးဖြစ်လာခဲ့ပြီး အဲဒီအချိန်ကို မြန်မာဘာသာ အစွမ်းကုန်ထွန်းကား
သော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။

ယေဓမ္မာတွင် ပါသောစာ
အေဒီ (၄၀၀-၆၀၀)ခန့်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ဟောင်း (ဝေသာလီမြို့ဟောင်း) တောင်ခါးပန်းမှ တွေ့ရှိသော -ယေဓမ္မာ-ပါစာသည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ဂုတ္ထမင်းအက္ခရာဖြစ်ပြီး သက္ကဋဘာသာဖြင့်ရေးသည်။
အေဒီ (၅၀၀-၆၀၀)ခန့်တွင် သရေခေတ္တရာကုန်းဘောင်ခေတ်တွင် တူးဖေါ်ရရှိသော ရွှေလွှာချပ် (၂၀) -ယေဓမ္မာ-ပါသောစာသည် ပျူအက္ခရာ(သို့မဟုတ်)ပလ္လ၀အက္ခရာပါဠိဘာသာဖြင့်ရေးသည်။
အေဒီ (၅၀၀-၆၀၀)ရာစု ထိုင်းနိုင်ငံတောင်ပိုင်း ပရပထုံစေတီတော်ကြီးအနီး ကျောက်တုံးနှစ်ခုပေါ်တွင် -ယေဓမ္မာ-ဂါထာနှစ်ခုပါသော ပလ္လ၀အက္ခရာဟာ မွန်ဘာသာဖြင့်ရေးသားသည်။

အစောဆုံးကရင်စာပေ

ကရင်လူမျိုးတို့ ရေးသားထားသောစာတွင် အစောဆုံး ရေးသားထားသောပေစာမှာ မြန်မာသက္ကရာစ် (၁၀၀၀- ၁၂၀၀)ခုနှစ်ခန့်လောက်က ရေးသားခဲ့သည်ဟု ဆို၏။ တနည်း (၁၈၇၃)
ခုနှစ်က ကရင်ပေစာ စတင်ထွက်ပေါ်လာခဲ့။
ကရင်စာပေ (၅) မျိုး
၁. လ်ုဝါ် (လ၀ိုက်) ကဗျာ
၂. လင်္ကာ (လင်ကာ) အလင်္ကာ
၃. သုပတ် (သလပတ်) စကားပြေအကျယ်
၎. အ်ုခ၀့် (အခေါ့) အနက်အဓိပ္ပါယ်
၅. လိက်အိင်း (လိုက်အိန်း) စကားပြေအကျဉ်း ဟူ၍ (၅)မျိုးရှိ၏။

အေဒီ (၁၈၃၂) ခုနှစ်သို့ ရောက်သောအခါ စကောကရင်ဘာသာဖြင့် အမေရိကန် နှစ်ခြင်းသာသ
နာပြု ရောက်လာသော ဒေါက်တာဂျွန်နသန်ဝိတ်က ပလ္လ၀အက္ခရာ (တနည်းအားဖြင့်) မြန်မာအက္ခရာစာလုံးများကို အသုံးပြု၍ စကောကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့၏။ ထိုနောက် အေဒီ (၁၈၃၅)ခုနှစ်သို့ ရောက်သောအခါ ၄င်းပုဂိုလ်ကပင် ဂရိနှင့် ရောမအက္ခရာများကို
အသုံးပြုပြီး ပိုးကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့သည်။ ။

ဆက်ဖတ်ရန်....

လှပသော သစ်ပင်သဘာဝ


ယခုတွေ့ရသောသဘာဝရှုခင်းသည် အင်မတန် ရှုမ၀လှပသော သစ်ပင်တောတောင်ဒေသဖြစ်သည်

ဆက်ဖတ်ရန်....

Sunday, July 19, 2009

ဖႜုံဆ်ုဃှီ့ဆ်ုလာ ပ်ုခံင်.အယ်


ဖႜုံယှင်ဖေါဟ်သီး ကိုယ်ဟှာဍေ ဖႜုံဆ်ုဃှီ့ဆ်ုလာ္ဘေ့လ်ုလင်မ္ဘားသိုဝ်္ဘးဝီကုံ္ဘးဖံင်းကုံ ကိုဝ်ဟှာဍေဆေ၀်လ၀့်ဆာ်

ဆက်ဖတ်ရန်....

The teaching profession Why I want to be a teacher and my ambition

It is my ambition to be a teacher. I have always wanted to be a teacher. I have had very good teachers in my school life, and I am grateful to all of them. But the one who taught us in the tenth standard made the deepest impression on my mind. She was a sweet and gentle lady, and was more than a class-teacher to us. She looked upon all her students as her own children. We went to her with all kinds of problems, and she would do her best to solve them for us. We all loved her as our guide, philosopher and friend.
That is perhaps a personal reason for wishing to be teacher. But apart from that, I think teaching is a noble profession. We look upon all teaches with love and respect. We pay as much respect to teachers as to our parents. We revere our parents as we revere the Three Gems—the Buddha, the Dhamma and the Sangha. It is good to be a teacher in our Myanmar society.
A teacher has definite duties to perform towards his pupils. He must teach them such skills as will equip them for a livelihood. He must guide them by precept and example to bear a good moral character. He must be unstinting in his efforts to impart his knowledge to the learner. He must do all he can to protect his disciple from harm and evil. And lastly. According to Loka Niti the Book of Wisdom, he must direct his student to a higher place of study, or recommend him to a suitable occupation.
Now that we are building a new society, the role of the teacher is still more enhanced. He bears a grave responsibility to train the children and youths of the country on the correct lines. He must inspire them with patriotism and the spirit of national service. He must see that they become good citizens. Good workers and good soldiers that will go all out to serve the country, Myanmar This is the kind of teacher I aspire wish to become.

ဆက်ဖတ်ရန်....

ပီနန်ကျောင်းရှေ့ ပုံတော်



ယခုတွေ့ရသော ဓာတ်ပုံသည် ၂၀၀၈ မလေးရှားနိုင်ငံ အလည်အပတ် ခရီးတစ်ခေါက်ဖြစ်သည်

ဆက်ဖတ်ရန်....

မလေးရှား စိုက်ပျိုးရေး ဓာတ်ပုံ



ယခုတွေ့ရသောဓာတ်ပုံသည် မလေးရှား အလည်အပတ် ခရီးတစ်ခေါက် မှတ်တမ်းဓာတ်ပုံဖြစ်သည်။

ဆက်ဖတ်ရန်....

Uses of the library A good librarian

The Library is the world of books. Books have been described as man’s guide, philosopher and friend. We go to school when we are young and learn from books. Books have guided us since our childhood. As we grow older, we learn to use the books in the library. They give us knowledge languages, science and arts. A good librarian must know something of every subject. Then he can be of great help to borrowers. He can give his most useful service to all those who seek his help. He may not be a guide, or a philosopher, but he can be a friend of the borrower.

ဆက်ဖတ်ရန်....

ဆက်ဖတ်ရန်....

မသေသော ဝိညာဉ်

Thursday, 18 June 2009 16:53 နီးလ် လောရင့်စ်

ဇိုရာဖန်းသည် လသားအရွယ် ကလေးငယ် ဘဝကတည်းက လူပေါင်းများစွာ သေကြေပျက်စီးရသည့် ဒုက္ခ ဆင်းရဲများကို မြင်တွေ့ရင်ဆိုင် ခဲ့ရပြီး ငယ်စဉ်ကလေးဘ၀ တလျှောက်လုံး ဆိုးရွားလှသည့် လောကဓံကြားတွင် ရုန်းကန်ခဲ့ရသည်။

ကွယ်လွန်သူ KNU ခေါင်းဆောင် ဖဒိုမန်းရှာ၏ သမီး ဇိုရာဖန်းရေးသားသော Little Daughter စာအုပ် မျက်နှာဖုံး
မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်ကာ လက်နက်ကိုင် တိုက်ပွဲအတွင်းဖြတ်သန်းခဲ့ရသည့် ကရင် တော်လှန်ရေး ခေါင်းဆောင်တဦး၏ သမီးအဖြစ် တခြားသူများနှင့် မတူသည့်သူ့ဘ၀ကို “သမီးငယ်လေး” (Little Daughter) ဟူသည့် မကြာသေးမီက ရေးသားထုတ်ဝေခဲ့သော စာအုပ်ထဲတွင် ဖော်ပြထားသည်။ သေခြင်းတရားဆိုသည်မှာ သူတို့ လူမျိုးစုဝင်များအတွက်တော့ ထူးခြားဆန်းကျယ်သည့်ကိစ္စ မဟုတ်။ အဆုံးစွန်ဆိုရလျှင် ကလေးငယ်များသည်ပင် ဤသို့သော ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်မျိုးကို နိစ္စဓူဝ ကြုံတွေ့ဖြတ်သန်းနေကြရသည်။

သို့သော်လည်း သူကိုယ်တိုင် ပထမဆုံးအကြိမ် သေမလိုဖြစ်ခဲ့ရသည့် အခါတွင်တော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဟု မမြင်နိုင်ခဲ့ပေ။ “ကျမ ၂ နှစ်သမီးအရွယ်က သေမလိုဖြစ်ခဲ့ရာက ပြန်ရှင်လာခဲ့ရပါတယ်” ဟု အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇိုရာဖန်းက သူ၏ကိုယ်ရေး အထ္ထုပ္ပတ္တိ အဖွင့်တွင်ရေးသားခဲ့သည်။ ဤသို့သေရေး ရှင်ရေး ရုန်းကန်ဖြတ်သန်းရပုံ နောက်ခံကားသဖွယ် တင်ပြရင်း စာဖတ်သူကို ဆွဲဆောင်သွားသည်။ သူကိုယ်တိုင်၏ ဘ၀ အနာဂတ်၊ သူ့ဖခင်၏ နိုင်ငံရေးယုံကြည်ချက်များ အဆုံးသတ်ရတော့မည်ဟု ယူဆရမလို ဖြစ်ခဲ့သော်လည်း နောက်ဆုံး စာဖတ်သူတို့ အထင်အမြင် မမှန်ကန်ကြောင်း ဇိုရာဖန်းက သက်သေပြနိုင်ခဲ့သည်။စာအုပ် ခေါင်းစီးတွင် ဖော်ပြထားသည့်အတိုင်း ဤစာအုပ်က စာရေးသူသမီးငယ်နှင့် မိဘများအကြား ဆက်ဆံရေးကိစ္စပင် ဖြစ်သည်။

အထူးသဖြင့် သူ၏ဖခင် ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဟောင်း ဖဒိုမန်းရှာနှင့် သူ့အကြားမှမေတ္တာကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ပထမအကြိမ် သူသေဆုံးရတော့ မလို ဖြစ်စဉ်က အသက်ကယ်ခဲ့သူမှာ သူ၏ မိခင်သာဖြစ်သည်။ ကောင်းစွာ လေ့ကျင့်ထားမှုမရှိသော ကျေးရွာသူနာပြု ဆရာမက သေပြီဟု သတ်မှတ်ထားပြီး မျက်နှာလွှဲထားခဲ့သည့် အခြေအနေကို သူ့မိခင်က ငြင်းဆန်ခဲ့သည်။ အမှန်တော့သူက အပြင်းဖျားကာ မေ့မျောသတိလစ်နေခြင်းသာ ဖြစ်သည်။ သူ၏ မျှော်လင့်ချက်များ၊ ယုံကြည်ချက်များ ဆက်လက်ရှင်သန်နေစေရန် တိုက်တွန်းအားပေးမှုတွင်တော့ သူ၏ဖခင်က အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်။

သူ၏ မိဘ ၂ ဦးစလုံး ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး၊ သူရဲကောင်းဆန်သူများ အဖြစ် ထင်ရှား ကျန်ရစ်ခဲ့သည်။ သူ၏ မိခင်ဖြစ်သူ ဒေါ်နန်းကျင်ရွှေသည် တချိန်က အမျိုးသမီး တော်လှန်ရေးသမား တပ်ဖွဲ့တခုကို ကိုယ်တိုင်ဦးဆောင်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတွင် ဆင်းရဲဒုက္ခများ ရင်ဆိုင်ရင်း ဘ၀နိဂုံးချုပ်ခဲ့ရသည်။ ဖခင် ဖဒိုမန်းရှာကတော့ ကရင့်တော်လှန်ရေး အဖွဲ့တခုဖြစ်သည့် KNU အဖွဲ့အတွင်း သူ၏ ကိုယ်ကျင့်တရား၊ ခိုင်မာ သည့် မူဝါဒရပ်တည်မှု၊ ခေါင်းဆောင်မှု အရည်အသွေးကြောင့် တဖြည်းဖြည်းချင်း ခေါင်းဆောင်မှုနေရာ ရလာခဲ့သည်။

နောက်ဆုံး လုပ်ကြံသူ လူသတ်သမားများ လက်ချက်ဖြင့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းနေ့တွင် အသက်ဆုံးရှုံးခဲ့ရသည်။ (ကရင်လှုပ်ရှားမှုမှ ခွဲထွက်အဖွဲ့တခုက မြန်မာစစ်တပ်အကူအညီဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု အများစုက ထင်မြင်ယူဆကြသည်) စာထူးချွန်သည့် ဇိုရာဖန်းက ဒုက္ခသည်စခန်းအတွင်းမှ လွတ်လမ်းရှာနိုင်ခဲ့သည်။ ဘန်ကောက်မြို့တွင် ပညာဆက် လက် သင်ကြားနိုင်ရန် ပညာတော်သင်ဆု ရရှိခဲ့သည်။ ဘန်ကောက်တက္ကသိုလ်တခုမှ ဘွဲ့ရရှိပြီးနောက် ထိုင်းကုမ္ပဏီတခုတွင် အလုပ်ဝင်၍ ဘ၀ကို ပုံမှန်အရပ်သားတဦးကဲ့သို့ ဖြတ်သန်းတော့မည်ဟု စိတ်ကူးယဉ်ခဲ့သေးသည်။

သို့သော်လည်း အဖော်ကျောင်းသားများနှင့်အတူ သူ၏မိခင်မြေသို့ ပြန်လာခဲ့သည့်နောက်တွင် မြန်မာစစ်အစိုးရ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရသည်။ မရေမတွက်နိုင်သည့် မိသားစုများ ဘ၀ပျက်ကြရသည်၊ ကြောက်ရွံ့တုန်လှုပ်နေကြရသည်၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသည်ကို သူ မြင်ခဲ့ရသည်။“အဲသည် အဖြစ်တခုတိုင်းက ကျမရင်ကို ကွဲထွက်စေမတတ်ပဲ။ အဲသည်ဖြစ်ရပ်တခုချင်းစီကပဲ ကျမကို ဒေါသအမျက်ဖြစ် စေတယ်၊ နောက်ဆုံး ပြန်ခုခံဆန့်ကျင်လိုတဲ့ စိတ်တွေလည်း ရင့်သန်လာစေတယ်” ဟု စာအုပ်တွင် ရေးသားခဲ့သည်။

ဤကိုယ်တွေ့ ဖြစ်ရပ်များ မကြုံတွေ့ရမီကပင် သူ၏ အနာဂတ်က ကြိုတင်ပြဌာန်းပြီးသား ဖြစ်သည်ဟုလည်း သူသိနေခဲ့ သည်။ ယခုလို မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဆက်လက်ပါဝင်လှုပ်ရှားနေရသည့် အဖြစ်က သူ့အတွက် ကံကြုံကြိုက်၍ မဟုတ်ပေ။ သူ့ဖခင်ကိုယ်တိုင်၏ ဆန္ဒလည်း ဖြစ်သည်။ သူ့ကို ဇိုရာဟု နာမည်ပေးခဲ့သည်ကိုကလည်း အဓိပ္ပာယ် ရှိနေပြန်သည်။ ရဲဘော်များကို သစ္စာဖောက်ရန် ငြင်းဆန်ခဲ့ သည့်အတွက် နာဇီစစ်အာဏာရှင်တို့က အသက် ၁၇ - နှစ်အရွယ်တွင် ကြိုးပေးကွပ်မျက်ခဲ့သည့် ရုရှားသူရဲကောင်း အမျိုးသမီးတဦးဖြစ်သူ ဇိုရာ ကော့စ်မိုဒီမိုင်ယန် စကာယာ (Zoya Kosmodemyanskaya) ကို အစွဲပြုမှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဇိုရာဖန်း၏ ဖခင်က ဘန်ကောက်တွင် သာမန် ရုံး ဝန်ထမ်းတဦးအဖြစ် လုပ်နေရသည့် ဘ၀ထက် ဖြစ်ထွန်းစေချင်ကြောင်း အသေအချာပုံဖော်ထားခဲ့သည်။ သို့ရာတွင် အဖိနှိပ်ခံပြည်သူများ၊ ခိုကိုးရာမဲ့နေကြသော ပြည်သူများအတွက် မည်သည့် အခန်းကဏ္ဍက ဆောင်ရွက်ပေးရမည်ဆိုသည့် အဖြေကတော့ ဇိုရာ့ အတွက် မရှင်းမလင်း ရှိနေဆဲ ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် မဟာ ဘွဲ့ယူရန်အတွက် ကျောင်းတက်ခွင့်ရသည့် အချိန်မှာတော့ သူ့အတွက် နေရာမှန်ကို တွေ့ရှိလာသည်ဟု ဆိုရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်နှစ် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လန်ဒန်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် ပါဝင်ရန် သူ့ကို ဖိတ်ကြားခံရသည်။

မိန့်ခွန်းပြောရန် မိုက်ကရိုဖုန်းက သူ့ထံချက်ချင်း ရောက်လာသည်ကို ကြုံရပြီးနောက်တွင် ဤကဲ့သို့သောလူစု လူဝေးကို ဦးဆောင်ရန် ဘ၀ပေးတာဝန် ဖြစ်နေသည်ကို သူ့ဘာသာ တွေ့ရှိလာခဲ့သည်။နောက်ပိုင်းနှစ်များတွင်တော့ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ညီလာခံသို့ တက်ရောက်စကားပြောခွင့် ရခဲ့ပြီး ထင်ရှားကျော်ကြားသူ တဦး ဖြစ်လာခဲ့သည်။ အဆင့်မြင့်ပွဲလမ်းကြီး အများအပြားသို့လည်း တက်ရောက်ခွင့်ရလာခဲ့ သည်။ သူက ကမ္ဘာ့ခေါင်းဆောင်များ၊ ထင်ရှားနာမည်ကြီးသူများနှင့် ကြုံဆုံခဲ့ရသည်။ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှု အတွက် လူအများအသိအမှတ်ပြုခံရသည့် ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်လာခဲ့သည်။

မြန်မာပြည်အရေး လှုပ်ရှားနေသည့် အင်္ဂလန်ရှိ Burma Campaign UK အဖွဲ့၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ တဦးလည်း ဖြစ်လာခဲ့သည်။၂၀၀၇ ခုနှစ်သည် သူ၏ ပထမဦးဆုံး အကြီးအကျယ် အောင်မြင်မှု ရရှိလာသည့်နှစ်ဟု ဆိုရလိမ့်မည်။ ကရင်ပြည်နယ် အတွင်းရှိ ပြည်တွင်းဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးနိုင်ရန် ဗြိတိန်အစိုးရကို စည်းရုံးတိုက်တွန်း အောင်မြင်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်လည်း အောင်မြင်သည့် ဒုက္ခသည်တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အင်္ဂလန် နိုင်ငံတွင် သူကြုံတွေ့ရုန်းကန်ရသည့် ဘ၀ကလည်း မလွယ်ကူလှပါ။

“ကျမ ရွာမှာ ထွက်ပြေး၊ ပုန်းအောင်းနေရတုန်းက ကြောက်လန့်ခဲ့၊ ရုန်းကန်ခဲ့ရသလို အင်္ဂလန်မှာလည်း အတူတူပဲ ကြောက်ရွံ့ရုန်းကန်ခဲ့ရတာပါ” ဟု သူက ဆိုခဲ့သည်။သို့သော်လည်း နောက်ပိုင်းနှစ်များ မကြာမီတွင် သူ၏ ဘ၀ တဆစ်ချိုး အကွေ့ကို ကြုံလာခဲ့ရသည်။ ရန်သူများက သူ့ဖခင် ကို ယခင် အကြိမ်ကြိမ် လုပ်ကြံခဲ့ရာ မအောင်မြင်ခဲ့သော်လည်း နောက်ဆုံးတွင် ဖဒိုမန်းရှာ၏ အသက်ကို လုပ်ကြံ နိုင်ခဲ့ ကြသည်။ ထိုသို့ ကြံစည်ခဲ့စဉ်က ဇိုရာဖန်းကိုပါ ပစ်မှတ်တခုအဖြစ် ထည့်သွင်းထားခဲ့ကြသောကြောင့် သူ့ဖခင်၏ ဈာပန ကိုပင် ကိုယ်တိုင်မတက်ရောက်ဝံ့သည်အထိ ဖြစ်ခဲ့ရသည်။

ဇာတ်လမ်း၏ အဆုံးသတ်က မျှတသည်ထက်ပိုလွန်ကာ ခါးသီးနာကြည်းဖွယ်ရာ ဖြစ်ခဲ့သည်။ ဇိုရာဖန်းသည် ဤသို့သော ဒုက္ခလောကဓံ အဖုံဖုံကို ကြုံတွေ့ခဲ့ရသော်လည်း အံ့သြဖွယ်ရာ မယိုင်မလဲ ခံနိုင်ရည်ရှိခဲ့သည်။ တချိန်က သေမလိုဖြစ်ခဲ့ပြီး ပြန်လည် ရှင်သန်ခဲ့ရလေသော သမီးငယ်တဦးက သူ့ဖခင်ခြေရာကို အစစ်အမှန် ဆက်ခံနိုင်သူတဦးအဖြစ် အရည်အချင်း ကို သက်သေပြနိုင်ခဲ့သည်။ ထို့ပြင် ရာစုနှစ်တ၀က်ကျော်ကြာ ခြောက်အိပ်မက်ဆိုး စစ်အုပ်ချုပ်ရေးလက်အောက်ခံ ဘ၀မှ လွတ်လပ်သည့်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်စေရမည်ဟူသည့် သူ့ဖခင်၏ မျှော်လင့်ချက် အိပ်မက်များကို အကောင်အထည်ဖော်မည့်၊ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မည့် သူလည်း ဖြစ်လာလေတော့သည်။

Neil Lawrence ရေးသားသည့် Never Say Die ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဆက်ဖတ်ရန်....

The person I admire most

The person I admire most is my English teacher. His name is U tin Aung. He is very good and kind to us. So we love him best of all.
Saya U Tin Aung is a good teacher. He teaches English very well. He makes our lessons interesting. Every student listens to him attentively. Sometimes he makes us laugh. He does not allow us to feel dull or sleepy.
He teaches us English. But he also teaches us to be good boys and girls He says that we must obey our parents and teaches we must also obey the rules of the school. Then we shall become good students.
He sets a good example to us. He does not smoke at all. He says that we must follow his example. He also tells us to love our country and people.

ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP